နောက်ခံသမိုင်းကြောင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)အား ၁၉၅၅ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကိုယ်တိုင်ဖွင့်လှစ်ခဲ့ပါသည်။ စတင်ဖွင့်လှစ်ခဲ့သည့်တည်နေရာမှလမ်း(၃၀)နှင့် (၃၁)လမ်း ကြား၊(၆၈)လမ်းနှင့်(၇၀)ကြားပတ်ကုန်းပျော်ဘွယ်ရပ်၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးတိုင်းဒေသကြီး တွင်ဖြစ်ပါသည်။ ၁၉၅၅ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့သောအစိုးစက်မှုသိပ္ပံ(မန္တလေး)အား၁၉၉၉ခုနှစ်သြဂုတ်လ(၂၀)နေ့တွင် နည်းပညာကောလိပ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး အဆိုပါနည်းပညာကောလိပ်ကို ၂၀၀၂ခုနှစ်အောက်တိုဘာလ(၂၂)ရက်နေ့တွင် နည်းပညာက္ကသိုလ်(မန္တလေး) တည်ရှိရာမြေနေရာ အဆောက်အဦးများသို့ပြောင်းရွှေ့ပြီး နည်းပညာတက္ကသိုလ် (မန္တလေး)အဖြစ်ထပ်မံအဆင့်တိုးမြှင့်ခဲ့ပါသည်။ ၁၉၅၅ခုနှစ်တွင် လမ်း(၃၀)၌စတင်ဖွင့်လှစ်ခဲ့သော အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)အား ၁၉၉၉ ခုနှစ်တွင် အစိုးရနည်းပညာကောလိပ်(မန္တလေး)သို့ လည်းကောင်း၊ အစိုးရနည်းပညာကောလိပ်(မန္တလေး)မှ အစိုးရနည်းပညာတက္ကသိုလ်(မန္တလေး)သို့ လည်းကောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၉၉ခုနှစ်နောက်ပိုင်း ဖွင့်လှစ်ခဲ့ခြင်းမရှိသော အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)အား ၂၀၁၆ခုနှစ် ၊ ဇန်နဝါရီလ(၂၆)ရက်နေ့မှစ၍ (၆၉) လမ်းနှင့်(၇၀)လမ်းကြား၊ (၂၈) လမ်းထောင့်တွင် အစိုးရ စက်မှုလက်မှုသိပ္ပံ (မန္တလေး) အဖြစ် စတင်ဖွင့်လှစ်၍ အင်ဂျင်နီယာဘာရပ်များသင်ကြားခဲ့ပါသည်။ ၂၀၂၂ခုနှစ်ဇွန်လ (၂၉)ရက်နေ့မှစ၍ လမ်း(၇၀)နှင့် (၂၈)လမ်းထောင့်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး) အားအစိုးရနည်းပညာကောလိပ်(မန္တလေး) အဖြစ်တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်(၂၁-၁၁-၂၀၂၄) ရက်နေ့မှစ၍ အစိုးရနည်းပညာကောလိပ် (မန္တလေး) ကျောင်းနေရာသစ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။

 

[rtbs name=”mission-vision”]